
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၃၁-၈-၂၀၁၉) ရက်နေ့နှင့်(၂-၉-၂၀၁၉)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် ကျသောင်းတောက်ကျေးရွာရှိ မြောက်ကမ်းပါးဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) နှင့် သင်္ကန်း (၄) စုံတို့အားလည်းကောင်း (၂-၉-၂၀၁၉) ရက်နေ့တွင် ရုံးပင်ကျေးရွာအုပ်စု ရုံးပင်ကျေးရွာ၌ ကမ်းပါးပြို့ကျမှုကြောင့် ကြိုတင်ဖျက်သိမ်းခဲ့ရသော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ ကြို့ပင်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၆,၀၀၀/-) နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀/-)ကျပ်၊ စုစုပေါင်ရန်ပုံငွေ (၃၄၉,၁၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၉) ရက်နေ့ (၁၄း၀၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ha_sgw
#npw_sep2019