ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး Professor Michelle Kamauနှင့် International Organization for Migration (IOM) အဖွဲ့တို့အား အသီးသီးလက်ခံတွေ့ဆုံမှုသတင်း

စက်တင်ဘာ၂၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် Professor Michelle Kamau နှင့် International Organization for Migration (IOM), Mission in Myanmar ၏ Chief of Mission ဖြစ်သူ Mr. Akio Nakayama ဦးဆောင်သောအဖွဲ့တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌အသီးသီးလက်ခံတွေ့ဆုံပါသည်။
Professor Michelle Kamau နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရေးအတွက် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများတွင်လူမှုရေးပညာကျွမ်းကျင်သူတစ်ဦးအနေဖြင့်ကူညီဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များအတွက်ပညာရပ်ပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ International Organization for Migration (IOM) အဖွဲ့နှင့်တွေ့ဆုံရာတွင် လူကုန်ကူးမှု တိုက်ဖျက်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ လူကုန်ကူးခံရသူများအား ကူညီပံ့ပိုးခြင်း၊ ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ပေးခြင်း၊ နည်းပညာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံပူးပေါင်း၍ လူကုန်ကူးခံရသူများပြန်လည်လက်ခံခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် မိသားစု ပြန်လည်ပေါင်းစည်းနိုင်ရေးဆောင်ရွက်နေမှုများ၊ IDPs စခန်းများတွင် လူကုန်ကူးမှုတားဆီးကာကွယ် တုန့်ပြန်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လိုအပ်သော Standard Operation Procedures (SOP) များပေါ်ထွက်လာရေး ဆောင်ရွက်နေမှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် MoU ရေးထိုးဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးရေးဆိုင်ရာကိစ္စရပ်များအတွက် MoU ရေးထိုးဆောင်ရွက်နေမှုအခြေ အနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_Sep2019

Sign Up

Upcoming Events