စက်တင်ဘာ/၂
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင်သည် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင် များနှင့် အတူယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့ပိတောက်ခေါင်းကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာရှိဘုရားစေတီများ ထီးတော် တိမ်းစောင်းပြိုကျအက်ကွဲမှုအခြေအနေကိုကြည့်ရှုပြီးနောက် ကျောင်းထိုင်ဆရာတော်အားလှူဖွယ်ဝတ္ထုဆက်ကပ် လှူပူဇော်ခဲ့ပါသည်။
ဆက်လက်၍ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ခရိုင်/မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ခင်ဦးမြို့နယ်၊ လောင်းရှည်ကျေးရွာဂြိုလ်ကြီး ရှစ်လုံးစေတီများ ထီးတော်ပြိုကျမှု၊ စေတီလုံးတော်များကွဲအက်မှုများကိုကြည့်ရှု၍ ကျေးရွာသူ၊ကျေးရွာသားများနှင့်တွေ့ဆုံကာ ငလျင် ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာများအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအလိုက် ဖွဲ့စည်း ဆောင်ရွက်နေမှုအခြေအနေများတို့ကို ဆွေးနွေးပြောကြားပြီး ငလျင်ဘေးအန္တရာယ်အသိပညာပေး လက်ကမ်း စာစောင်များဝေငှပေးခဲ့ပါသည်။
ယင်းနောက်ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ဆီဆုံလေးကျေးရွာသို့ရောက်ရှိပြီး ကျေးရွာမူလတန်းကျောင်းနံရံများကွဲအက်မှု အခြေအနေကိုကြည့်ရှုပြီး နောက် အဆိုပါ ကျောင်းဆောင်အားဆက်လက်သုံးစွဲမှုမပြုသင့်ကြောင်း ခင်ဦးမြို့နယ်လမ်းဦးစီးဌာနအင်ဂျင်နီယာ၏ အကြံပြု ချက်အရ ယာယီစာသင်ဆောင်ဆောက်လုပ်ရန်လိုအပ်သောအမိုးသွပ်များထောက်ပံ့ရေးစီစဉ်ပေးခဲ့ပါသည်။
ယင်းနောက်ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ရေဦးမြို့နယ်သို့သွားရောက်ပြီး မန်ကျည်းတောကျေးရွာ(တောင်)နှင့် မန်ကျည်းတောကျေးရွာ(မြောက်)တို့ရှိ စေတီ တော်များစိန်ဖူးတော်မြေခပျက်စီးမှုများကိုကြည့်ရှုပြီးနောက်ဆရာတော်များအားလှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြည်ညှိခဲ့ပါသည်။ ထို့နောက်ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ တွင်တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးကငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က လိုအပ်သလိုညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လတ်တလောအနေအားဖြင့်မိမိဝန်ကြီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် ထောက်ပံ့ ခြင်းဖြစ်ပြီးနိုင်ငံ တော်၏ရန်ပုံငွေသည်ပြည်သူများ၏ ငွေဖြစ်သည့်အတွက်ပြည်သူများသို့ပြန်လည် ပေးအပ်ခြင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ထိရောက်အကျိုးရှိစွာဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုငလျင်သည်ရစ်ချ်စတာစကေး(၆)ဖြင့်လှုပ်ခတ်ခဲ့သော်လည်း လူသေဆုံးမှုနှင့် လူနေအိမ်များလုံးဝပြိုကျမှုမရှိဘဲ ဒဏ်ရာရရှိမှုနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှုများသာ ဖြစ်ပေါ်ခဲ့သည်ကို တင်ပြချက်များအရသိရှိရပါကြောင်း၊ ဘုရား စေတီများနှင့် သာသနိကအဆောက်အအုံအချို့သာ ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် အတူစေတနာရှင်ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အချိန်တိုအတွင်း ပြီးစီးအောင်မြင်နိုင်မည်ဖြစ်ပါကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး၊ ရွှေဘို၊ ခင်ဦး၊ ရေဦးမြို့နယ်အုပ်ချုပ်ရေးမှူးများက ပျက်စီး ဆုံးရံှုးမှုအခြေအနေများ၊ လုပ်ငန်းအလိုက်ကော်မတီများဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် ရွှေဘို၊ ခင်ဦး၊ ရေဦးမြို့နယ်များရှိ ဘုရားစေတီများပြုပြင်ရန် ဆောင်ရွက်ဆဲ ကာလ အတွင်း မိုးရေဝင်၍ ပိုမိုပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက် ဖုံးအုပ်ကာရံထားရန်လိုအပ်သော မိုးကာလိပ်များ၊ ယာယီ စာသင်ဆောင်အတွက် အမိုးသွပ်များနှင့်ခရိုင်အတွင်းရှိ လူနေအိမ်များ၊ သာသနိကအဆောက်အဦများနှင့် ရေဦးမြို့နယ်မှ ဒဏ်ရာရလူနာတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေစုစုပေါင်းကျပ် (၃၃၀၀၀၀ဝိ) တ့ိုကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများသို့ ပေးအပ်ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။
#hl2
#sgg_sep2019
Source: MoSWRR