စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ကူညီထောက်ပံ့မှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်လျက်ရှိ

9 8 10 6 7 5 4 3 2
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ (၂၁:၃၉) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ မြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ရွှေဘိုမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး (၆.၀) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့်ရွှေဘိုမြို့နယ်၊ ခင်ဉီးမြို့နယ်နှင့် ရေဉီးမြို့နယ်တို့ တွင် ထိခိုက်ပျက်စီးမှုရှိခဲ့ရာ
– ရွှေဘိုမြို့နယ်၌ ဘုရားစေတီနှင့်သာသနိကအဆောက်အဉီပေါင်း(၅၇)ခုတွင်စိန်ဖူးတော်၊ ထီးတော်များမြေခခြင်း၊ စေတီများအက်ကွဲခြင်း၊ အဆောက်အဉီ နံရံများအက်ကွဲခြင်းနှင့် ပညာရေးအဆောက်အဉီ(၁၆)ခု၊ ကျန်းမာရေးအဆောက်အဉီ(၁)ခု၊ ဌာနဆိုင်ရာအဆောက် အဉီ(၃)ခု၊ လူနေအိမ်(၅)လုံးတို့တွင် နံရံများ၊ မျက်နှာကျက်များ အက်ကွဲခြင်း တို့ဖြစ်ခဲ့ ကြောင်း၊
– ခင်ဉီးမြို့နယ်၌ ဘုရားစေတီနှင့်သာသနိကအဆောက်အဉီပေါင်း(၁၅၂)ခုတွင် စိန်ဖူးတော်၊ ထီးတော်များမြေခခြင်း၊ စေတီများအက်ကွဲခြင်း၊ အဆောက်အဉီ နံရံများ အက်ကွဲခြင်းနှင့် ပညာရေးအဆောက်အဉီ(၁၂)ခု၊ ကျန်းမာရေးအဆောက်အဉီ(၅)ခု၊ ဌာနဆိုင်ရာအဆောက် အဉီ (၁)ခု၊ လူနေအိမ်(၁၃)လုံး တို့တွင် နံရံများ၊ မျက်နှာကျက်များ အက်ကွဲခြင်းတို့ဖြစ်ခဲ့ ပြီးလူ(၁)ဉီး ဒဏ်ရာရရှိခဲ့ ကြောင်း၊
– ရေဉီးမြို့နယ်၌ ဘုရားစေတီနှင့်သာသနိကအဆောက်အဉီပေါင်း(၄၇)ခုတွင် စိန်ဖူးတော်၊ ထီးတော်များမြေခခြင်း၊ စေတီများအက်ကွဲခြင်း၊ အဆောက်အဉီနံရံများ အက်ကွဲခြင်းနှင့် ကျန်းမာရေးအဆောက်အဉီ(၁)ခု၊ ဌာနဆိုင်ရာအဆောက်အဉီ(၁)ခု၊ လူနေအိမ်(၁)လုံး တို့တွင် နံရံများ၊ မျက်နှာကျက်များ အက်ကွဲခြင်းတို့ဖြစ်ခဲ့ပြီး လူ(၁)ဉီးဒဏ်ရာရရှိခဲ့ကြောင်း ကနဉီးသတင်းများအရ သိရှိရပါသည်။
အဆိုပါ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှု များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ၏ ဉီးဆောင်လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ သာသနိကအဆောက်အဉီ(၂၁)ခု၊ နေအိမ်(၁၉) လုံးနှင့် ဒဏ်ရာရရှိသူ(၂)ဉီးတို့အတွက် စုစုပေါင်း ကျပ်(၃၃)သိန်းနှင့် အမိုးသွပ်များ၊ တာပေါ် လင်လိပ်များထောက်ပံ့ထားပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဘုရားစေတီများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အဉီများနှင့် ဌာနဆိုင်ရာအဆောက် အဉီများ အမြန်ဆုံး ပြန်လည်ပြုပြင်မွမ်းမံရေးအတွက်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

#ha_eqk
#npw_sep2019

Source: DDM

Sign Up

Upcoming Events