Author Archives: Hlaing ChoOo

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၀း၃၀) နာရီအချိန်ထိ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (လုံရှာယာန်) မှ ကျောင်းသား/သူ (၂၇၉) ဦးအား ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးထောက်ပံ့မှုနှုန်းထားများအား ရှင်းလင်း ပြောကြားခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ (ရေဘေး၊ မီးဘေး၊ လေပြင်းဘေးနှင့် ငလျင်ဘေး) အန္တရာယ်များ အကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more

  • သဘာဝဘေးလျော့ပါးရေးသံတမန်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၉) ရက်နေ့တွင် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံ တကာအဖွဲ့အစည်း (IOM) နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးသံတမန်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအား ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ ဂွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၄၅) ရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ ဂွမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer) များ စုစုပေါင်း သင်တန်းသား (၄၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၆-၉-၂၀၁၉) … Read more

  • ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆဌမအကြိမ်မြောက် အစည်းအဝေးကျင်းပ

    စက်တင်ဘာ ၂၆၊ နေပြည်တော် (၂၆-၉-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆဌမအကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာ ခက်အောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး … Read more

  • ပြည်ထောင်စုနယ်မြေတွင် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ ရှင်းလင်းခြင်းကိုပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း

    စက်တင်ဘာ၊၂၅နေပြည်တော် နေပြည်တော်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ပြည်ထောင်စုနယ်မြေအတွင်းရှိ လူငယ်များ၏ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့် အားကောင်းစွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒ ရှင်းလင်းခြင်းကို ပျဉ်းမနားမြို့၊ သုခစိုးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင်လူငယ်များနှင့်ပတ်သက်၍ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်မူဝါဒများ အသီးသီးရှိကြကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းမှာ လူငယ် များ၏ကဏ္ဍကို အလေးထားပါကြောင်း၊ ထို့အတွက်မိမိတို့နိုင်ငံ၌ လူငယ်ရေးရာမူဝါဒတစ်ရပ် ပေါ်ပေါက်ရေး အစိုးရ သစ်၏ရက် (၁၀၀) စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း၊ … Read more

  • သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    စက်တင်ဘာ၂၅၊နေပြည်တော် သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြား ပိုမိုချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နိုင်ရန်တို့အတွက် သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံး ခံစားနေကြရပါကြောင်း၊ သဘာဝဘေး အန္တရာယ်တုံ့ပြန်ရေးအပါအဝင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အကြားကဏ္ဍအလိုက် ဆောင်ရွက်ချက်များတွင် အချိတ်အဆက်မိမိနှင့် … Read more

  • လေဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ပင်လယ်သက်ကျေးရွာ၌ (၂၂-၉-၂၀၁၉) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၄-၉-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mgy_sep2019

  • ကိုရီးယားသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့်လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

    နေပြည်တော်၊စက်တင်ဘာ၂၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းထွဋ်ဆွေဦးဆောင်သည့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Kim Beom-seok နှင့်အဖွဲ့အား အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၌လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ကိုရီးယားနိုင်ငံနှင့် မြန်မာနှစ်နိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခြင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ ဥပဒေ များနှင့်အဖွဲ့အစည်းများဖွဲ့စည်း၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတို့ကို ဆွေးနွေးမေးမြန်းခြင်းနှင့် ဒေသတွင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကိုရီးယားနိုင်ငံက ကူညီပံ့ပိုးမှုများဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်၊ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉)ရက်နေ့ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ သျှစ်ကုန်းကျေးရွာတွင် ကမ်းပြိုဘေးသင့်အိမ်ခြေ (၈) လုံး၊ လူဦးရေ(၂၅)ဦး၊ ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းနှင့် ခြင်ဘို့အုပ်စု၊ သဲရိုးကျေးရွာတွင် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၂၅) စု၊ လူဦးရေ(၅၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၂၀၀၀၀၀/_)ကျပ် ဆန်ရိက္ခာဖိုး(၁၇၂၂၀၀/_)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၃၇၂၂၀၀/_)ကျပ်ကို (၂၄-၉-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ဟင်္သာတခရိုင်ဦးစီးမှုးရုံး(ဘစမ) … Read more

  • တောင်ကျချောင်းရေကျဆင်းမှုကြောင့်ရေမျောပါသေဆုံးသူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံမှတာဝန်ရှိသူများသည် တိန်ကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာ၌ (၁၇-၉-၂၀၁၉) ရက်နေ့တွင် တောင်ကျချောင်းရေကျဆင်းမှုကြောင့် ရေမျောပါသေဆုံးသူ (၁) ဦးအတွက်‌ ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၄-၉-၂၀၁၉) ရက်နေ့တွင် မင်းကင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha _flf #sgg_sep2019

Sign Up

Upcoming Events