သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၀း၃၀) နာရီအချိန်ထိ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (လုံရှာယာန်) မှ ကျောင်းသား/သူ (၂၇၉) ဦးအား ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးထောက်ပံ့မှုနှုန်းထားများအား ရှင်းလင်း ပြောကြားခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ (ရေဘေး၊ မီးဘေး၊ လေပြင်းဘေးနှင့် ငလျင်ဘေး) အန္တရာယ်များ အကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#kcn_sep2019

Sign Up

Upcoming Events