လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၉) ရက်နေ့တွင် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံ တကာအဖွဲ့အစည်း (IOM) နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးသံတမန်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအား ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ ဂွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၄၅) ရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ ဂွမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer) များ စုစုပေါင်း သင်တန်းသား (၄၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၆-၉-၂၀၁၉) မှ (၂၇-၉-၂၀၁၉) ရက်နေ့အထိ (၂) ရက်တာဖြင့် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#rke_sep2019