စက်တင်ဘာ ၂၆၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Korea Disabled People’s Development Institute (KODDI)၊ ကမ္ဘာ့ဘဏ်နှင့် ဆွစ်ဇာလန် သံရုံးတို့မှ တာဝန်ရှိသူများက အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ သီးခြားဆီလာရောက် တွေ့ဆုံပါသည်။
Korea Disabled People’s Development Institute (KODDI) မှ Director General Dr.Choi Woong-seon နှင့်တွေ့ဆုံရာတွင် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အရေး အပြည့်အဝရရှိရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေအား (၂၀၁၅) ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နောက်နည်းဥပဒေများ၊ အမျိုးသားကော်မတီဆပ်ကော်မတီများဖွဲ့စည်း၍ မသန်စွမ်းအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများသွားလာမှု လွယ်ကူအဆင်ပြေရေး၊ လိုအပ် သသော Assistive Device များရရှိရေး၊ မသန်စွမ်းမှုနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်နိုင်စေရေး၊ အမျိုးသား အဆင့် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဌာနတစ်ခုတည်ထောင်နိုင်ရေး၊ သဘာဝဘေးအန္တရာယ် ကိစ္စများတွင် မသန်စွမ်းသူများအား စွမ်းဆောင်ရည်မြှင့်တင်ရေး၊ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စသည့် ကိစ္စရပ်များတွင် KODDI အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်ဘက် အကျိုးတူပူးပေါင်းနိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ်မှ Program Leader for Myanmar, Cambodia and Laos ဖြစ်သူ Mr. Mark Astin ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းများ၊ ရင်းနှီးမြှပ်နှံမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ရေကြီးရေလျှံမှုများ အတွက် ကူညီထောက်ပံ့မှုအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်နှင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲမှု စီမံကိန်းများ၊ မြစ်ဝှမ်းတလျှောက် ရေထိန်းနံရံများဆောက်လုပ်ရေးအစီအမံများနှင့်ပတ်သက်၍ဆွေးနွေး ခဲ့ကြပါသည်။
ဆွစ်ဇာလန်သံရုံးမှ ဒုတိယအကြီးအကဲ Mr.Giacomo Solari ဦးဆောင်သောအဖွဲ့နှင့် ဆက်လက် တွေ့ဆုံရာ တွင်ဝန်ကြီးဌာနမှဦးဆောင်၍ ဆွစ်ဇာလန်အစိုးရ၊ နယူးဇီလန်အစိုးရနှင့် နော်ဝေအစိုးရအပါအဝင် အခြားအဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ်ကင်းရှင်ရေးအတွက် မိုင်းအသိပညာပေးလှုပ်ရှားမှုများ၊ လှုံ့ဆော်မှုများနှင့် ပြည်တွင်း/ပြည်ပ သင်တန်းပို့ချမှုများ ဆောင်ရွက်နေမှုအစီအစဉ်များ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဒုက္ခသည်စခန်းမျာ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် မဟဗျူဟာချမှတ် နိုင်ရေးဆောင်ရွက်နေမှု ကိစ္စများ၊ Swiss Agency for Development and Cooperation (SDC) နှင့် ဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီမှုစာချုပ် (MoU) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_sep2019