နေပြည်တော်၊စက်တင်ဘာ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းထွဋ်ဆွေဦးဆောင်သည့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Kim Beom-seok နှင့်အဖွဲ့အား အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၌လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ကိုရီးယားနိုင်ငံနှင့် မြန်မာနှစ်နိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခြင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ ဥပဒေ များနှင့်အဖွဲ့အစည်းများဖွဲ့စည်း၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတို့ကို ဆွေးနွေးမေးမြန်းခြင်းနှင့် ဒေသတွင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကိုရီးယားနိုင်ငံက ကူညီပံ့ပိုးမှုများဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ကျောင်းအတွက် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအစီအစဉ်များတွင် နှစ်ဘက်အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အရေး ပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနအတွက် လိုအပ်သည့်နည်းပညာအကူအညီများ ပံ့ပိုးပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#dydg
#npw_sep2019
Source: EOC