Author Archives: Hlaing ChoOo
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၂-၂၀၁၉) ရက်နေ့ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူ လေးကျေးရွာအုပ်စု၊ ကြက်သေကျေးရွာမှ မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်အား (၁၆-၁၂-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်၌ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ် အုပ်ချုပ် ရေးမှူး၊ တိုက်ပွဲရှောင်ကော်မတီများနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #shn_dec2019
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေနိုင်ငံအခြေစိုက် Nordic International Support Foundation (NIS) အဖွဲ့အစည်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
ဒီဇင်ဘာ ၁၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေနိုင်ငံအခြေစိုက် NIS အဖွဲ့အစည်းမှ Country Director ဖြစ်သူ Ms. Elizabeth Jane Armstrong ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံအခြေစိုက် NIS အဖွဲ့အစည်းအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးရန် ဆောင်ရွက်နေမှုအခြေအနေများ၊ လူမှုအသိုင်းအဝန်းများ အားကောင်း စေရေး၊ လူမှုသဟဇာတမျှတရေး၊ မတူညီသောအသိုင်းအဝန်းများအကြား ပေါင်းစည်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၉) ရက်နေ့တွင် အမှတ် (၃) ရပ်ကွက်၊ ဟိတဓရ ယဉ်ကျေးလိမ္မာသင်တန်း၊ ဓမ္မစကူးလ်တွင် ကျောင်းသား/ကျောင်းသူ (၁၀၀) ကျော်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ငလျင်လှုပ်ခတ်စဉ် ဝပ်၊ ကာ၊ ကိုင်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_dec2019
-
ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်၍ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကု သရန် ရောက်ရှိလာသည့် ဒဏ်ရာရလူနာ (၂) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၁၃-၁၂-၂၀၁၉) ရက်နေ့တွင် ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_dec2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူလူထု (၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝဘေးနှင့်သက်ဆိုင်သည့် ဗဟုသုတများနှင့် DAN Application သုံးစွဲပုံ နည်းစနစ်များအား ရှင်းလင်းပြောကြားခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_dec2019
-
ဒုတိယဝန်ကြီး ဦးစိုးအောင် ဂျပန်နိုင်ငံ၊ တရားရေးရာဝန်ကြီး Ms.MORI Masako နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ဒီဇင်ဘာလ၁၂၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်သည် ဂျပန်နိုင်ငံ၊တရားရေးရာဝန်ကြီး Ms. MORI Massako ဦးဆောင်သောအဖွဲ့အား အဆိုပါဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဧည့်သည်တော် ဂျပန်ဝန်ကြီးက စတင်ဆွေးနွေးရာတွင် ဂျပန်နိုင်ငံမှဝန်ကြီးများအနေဖြင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် တတ်အားသမျှ ပါဝင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့်အပြန်အလှန် လေ့လာဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဂျပန်နိုင်ငံတွင် သဘာဝဘေးခံစားရပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှု များအား … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နယူးဇီလန်နိုင်ငံရှိ မသန်စွမ်းလူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ၁၂၊နယူးဇီလန် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နယူးဇီလန်နိုင်ငံ မသန်စွမ်း လူ့အခွင့် အရေးကော်မရှင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏မသန်စွမ်းလူ့အခွင့်အရေး ဖော်ဆောင်မှုအခြေအနေများ၊ UNCRPDဆိုင်ရာ Concluding Observation အရမသန်စွမ်းအမျိုးသမီးများ၊ မသန်စွမ်းကလေးသူငယ်များ၊ မသန်စွမ်းသက်ကြီး ရွယ်အိုများအပါအဝင် မသန်စွမ်းသူအားလုံး၏ အခွင့်အရေးတို့ကိုကဏ္ဍအလိုက် စီစဉ် ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူတို့၏ အခွင့်အရေးများတန်းတူညီမျှ ရရှိရန်ဉပဒေအရ အထောက်အကူ ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်နယူးဇီလန်နိုင်ငံ State Services Commissioner နှင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၂-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီ ချိန်အထိ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ခူးကျေးရွာအုပ်စု၊ သက်ကယ်ပြင်ကျေးရွာ မူလတန်း လွန်ကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျေးရွာသူ/သားများ စုစုပေါင်း (၁၅၁) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေး ခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_dec2019
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း(၂/၂၀၁၉)ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့တွင် သရက်ခရိုင်ဦးစီးမှူးရုံးခန်းမ၌ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းမှ သင်တန်းသား (၃၀) ဦးဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံ သင်တန်း (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းကာလမှာ (၁၃-၁၂-၂၀၁၉) ရက်နေ့အထိ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_dec2019
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး
ဒီဇင်ဘာ ၁၁၊ နယူးဇီလန် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့တွင် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးThe Right Honorable Winston Peters နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် လူနည်းစုတိုင်းရင်းသားများအပါ အဝင် နိုင်ငံသားများ၏ လူ့အခွင့်အရေးတို့ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အထူးသဖြင့် မသန်စွမ်းသူများအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ပိုမို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံ၊ … Read more
