သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း(၂/၂၀၁၉)ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့တွင် သရက်ခရိုင်ဦးစီးမှူးရုံးခန်းမ၌ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းမှ သင်တန်းသား (၃၀) ဦးဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံ သင်တန်း (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းကာလမှာ (၁၃-၁၂-၂၀၁၉) ရက်နေ့အထိ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#mgy_dec2019

Sign Up

Upcoming Events