Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ အ.ထ.က (ခွဲ) မြို့ဟောင်းစာသင်ကျောင်း၌ (၁၄:၀၀) အချိန်မှ (၁၅:၃၀) နာရီ အချိန်အထိ ကျောင်းသား/သူ (၁၄၀) ဦးအား သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် စာရေးကိရိယာ ဝေငှပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #tny_jan2020
-
ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ကနီမြို့နယ်၊ တောင်ပေါက်ကျေးရွာအုပ်စု၊ တောင်ပေါက်(ရ)ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံအတွင်း ကျေးရွာသူ/ကျေးရွာသား (၁၂၀) ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့နှုန်းထားများအား ရှင်းလင်းပြောကြားခဲ့ပြီး ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာ သဘာဝဘေးအသိပညာများအား ဟောပြောဆွေးနွေးခဲ့ ပါကြောင်းနှင့် တက်ရောက်လာသူများအား မီးဘေး ငလျင်ဘေးနှင့် လေပြင်းဘေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်နှင့် ငလျင်ဘေးအသိပညာပေးနံရံကပ်ပိုစတာဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မြေတော်ကျေးရွာအုပ်စု၊ ဆည်သည်မြင်ကျေးရွာ၌ ( ၂၅ – ၁ – ၂၀၂၀ ) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ သည့် နေအိမ် (၃) လုံး ၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ( ၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀/-)ကျပ်၊ ဒဏ်ရာရလူနာ(၁) ဦးအတွက် ထောက်ပံငွေ (၅၀,၀၀၀/-) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ မဲဘောင်ကျေးရွာအပိုင်း (၂) ဘုန်းကြီးကျောင်းလမ်း၌ (၁၆-၁-၂၀၂၀) ရက်နေ့၊ (၁၉:၀၀) နာရီအချိိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်တို့အား (၂၇-၁-၂၀၂၀) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ ကမော့ကစင်ကျေးရွာ၌ (၁၃-၁-၂၀၂၀) ရက်နေ့၊ (၀၀:၄၅) နာရီအချိိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်တို့အား (၂၇-၁-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ စက်ရုံစုရပ်ကွက်(၂)၊ မေတ္တာပါရမီကျောင်းတွင် ရောက်ရှိခိုလှုံနေကြသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၂၅) စု ၊ လူဦးရေ (၉၈) ဦးအတွက် ဆန်ရိက္ခာ နှစ်ပတ်စာ (၄၁၁,၆၀၀/-) ကျပ်တိတိအား (၂၇-၁-၂၀၂၀) ရက်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_jan2020
-
မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းသို့ နှင့် လူငယ်သင်တန်းကျောင်းရှိ ကလေးလူငယ်များ တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်
ဇန်နဝါရီ၂၆၊မန္တလေး မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နားမကြားသော ကလေးများကျောင်းသို့ ဂျပန်နိုင်ငံ၊ Kyoshin Company က အမေရိကန်ဒေါ်လာ (၁၀၀၀၀) လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ အဆိုပါကျောင်း၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံ၊ Kyoshin Company အနေဖြင့် မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းသို့ နှစ်စဉ်လာရောက်မှုသည် (၂၂) ကြိမ်မြောက်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနနှင့် … Read more
-
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ငလျင် ဇာတ်တိုက် လေ့ကျင့်ခန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #bgo_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဂျိုဝါကျောက်ရဲကျေးရွာအုပ်စု၊ ဂျိုဝါထလွန်ကျေးရွာဘုန်းကြီးကျောင်း၌ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများတွေ့ဆုံပွဲတွင် ဌာန၏ ဆောင်ရွက်နေမှုများနှင့် သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2020
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့၌ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.ထ.က(၂)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များ စုစုပေါင်း (၃၇၀) တို့အား သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jan2020
