သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ အ.ထ.က (ခွဲ) မြို့ဟောင်းစာသင်ကျောင်း၌ (၁၄:၀၀) အချိန်မှ (၁၅:၃၀) နာရီ အချိန်အထိ ကျောင်းသား‌‌/သူ (၁၄၀) ဦးအား သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် စာရေးကိရိယာ ဝေငှပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#tny_jan2020

Sign Up

Upcoming Events