မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မြေတော်ကျေးရွာအုပ်စု၊ ဆည်သည်မြင်ကျေးရွာ၌ ( ၂၅ – ၁ – ၂၀၂၀ ) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ သည့် နေအိမ် (၃) လုံး ၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ( ၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀/-)ကျပ်၊ ဒဏ်ရာရလူနာ(၁) ဦးအတွက် ထောက်ပံငွေ (၅၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးပါ (၂) အိမ်ထောင်စာတို့အား ( ၂၇ – ၁ – ၂၀၂၀ ) ရက်နေ့၊ ( ၁၅:၀၀ ) နာရီ အချိန်တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fir
#mgy_jan2020

Sign Up

Upcoming Events