လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ကနီမြို့နယ်၊ တောင်ပေါက်ကျေးရွာအုပ်စု၊ တောင်ပေါက်(ရ)ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံအတွင်း ကျေးရွာသူ/ကျေးရွာသား (၁၂၀) ဦးခန့်အား ဦးစီးဌာန၏ လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့နှုန်းထားများအား ရှင်းလင်းပြောကြားခဲ့ပြီး ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာ သဘာဝဘေးအသိပညာများအား ဟောပြောဆွေးနွေးခဲ့ ပါကြောင်းနှင့် တက်ရောက်လာသူများအား မီးဘေး ငလျင်ဘေးနှင့် လေပြင်းဘေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်နှင့် ငလျင်ဘေးအသိပညာပေးနံရံကပ်ပိုစတာဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကနီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#sgg_jan2020