Author Archives: Aye Kyimann

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီ မှ (၁၅:၀၀)နာရီထိ၊ မောက်မယ်မြို့ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ (စျေးတန်း) တွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲ တွင် ဦးစီးဌာန၏လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈)မျိုး ဆောင်ရန်၊ ရှောင်ရန်များ၊ ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲမှ ု ကြောင့် … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာ၌ (၁၇-၁-၂၀၂၀) ရက်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးလောင်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ(၁၀၅၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာ(၃၂၃၅၃/-)ကျပ်တို့ကို (၂၇-၁-၂၀၂၀) ရက်နေ့ (၁၃:၅၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိ သူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_jan2020 Source:  သာပေါင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ မောက်မယ်မြို့ အခြေခံပညာ အထက်တန်းကျောင်း (မောက်မယ်) တွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၂၀၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈)မျိုး ဆောင်ရန်၊ ရှောင်ရန်များ၊ ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲမှုကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ … Read more

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၌ (၂၇-၁-၂၀၂၀) ရက်နေ့ (၁၀း၃၀)နာရီ အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူ (၇၀) ဦးခန့် တက် ရောက်ခဲ့ပြီး သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2020 Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ(နန်စီပွန်)တွင် (၁၄-၁-၂၀၂၀) ရက်နေ့၌ စွန့်ပစ်မြေစာပုံပိ၍ သေဆုံးခဲ့သူ(၂)ဦး၏ မိသားစုဝင်များအား (၂၅-၁-၂၀၂၀) ရက်နေ့(၁၂း၃၀)နာရီအချိန်တွင် သေဆုံးသူ(၁)ဦးလျှင်ငွေကျပ်(၃၀၀၀၀၀/-)စီဖြင့် သေဆုံးသူ(၂)ဦးအတွက် စုစုပေါင်းငွေကျပ် (၆၀၀၀၀၀/-)အား ကွင်းဆင်း ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #sgg_jan2020 Source:  ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC) ၏ စံပြုလုပ်ငန်းစဉ်များအတိုင်း လက်တွေ့သဏ္ဍာန်တူ လေ့ကျင့်ခန်းများပြုလုပ်

    နေပြည်တော်၊ ဇန်နဝါရီ ၂၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် US Forest Survey (USFS), USAID တို့နှင့်ပူးပေါင်း၍  အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ စံပြုလုပ်ငန်းစဉ် (Standard Operation Procedures-SOP) ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စံပြုလုပ်ငန်းစဉ်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မှုအခြေအနေကို ဆန်းစစ်နိုင်ရန်အတွက် “ဌာနတွင်း လက်တွေ့ သဏ္ဍာန်တူလေ့ကျင့်ခန်း”ကို ၂၀၂၀ ပြည်နှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) … Read more

  • ပဲခူးတိုင်းဒေသကြီး၊ မဒေါက်ဒေသ ဂျောင်းတာကျွေးရွာအုပ်စု ကျေးရွာချင်းဆက် တံတားဖွင့်ပွဲနှင့် ပြွန်တန်ဆာမြို့၊ မူလတန်းကြိုကျောင်း ပန္နက်တင်ပွဲသို့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

    ဇန်နဝါရီ ၂၅ ၊ ပြွန်တန်ဆာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်  ပဲခူးတိုင်းဒေသကြီး၊ မဒေါက်ဒေသ ဂျောင်းတာကျွေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတား ဖွင့်ပွဲနှင့် ပြွန်တန်ဆာမြို့၊ မူလတန်းကြိုကျောင်း ပန္နတင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ဂျောင်းတာကျေးရွာသို့ရောက်ရှိပြီး ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ညောင်လေးပင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဂျောင်းတာကျေးရွာအုပ်စု ရပ်မိရပ်ဖတစ်ဦးတို့နှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေနှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်ဒေသ ဂျောင်းတာကျေးရွာအုပ်စုမှပြည်သူများ၏ ပူးပေါင်းထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောက်လုပ်ထားသော ဂျောင်းတာကျေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတား ကို … Read more

  • သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၀)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၁း၀၀)နာရီမှ (၁၂း၀၀)နာရီထိ ရွှေဘိုမြို့နယ် စည်သာကျေးရွာမှ ကျေးရွာသူ/သား(၅၀)ဦးခန့်အားလည်းကောင်း၊ (၁၂း၃၀)နာရီမှ(၁၃း၃၀)နာရီထိ ခွန်တာင်းငယ်ကျေးရွာမှ ကျေးရွာသူ/သား(၅၀)ဦးခန့်အားလည်းကောင်း၊ (၁၄း၀၀)နာရီမှ (၁၅း၀၀)နာရီထိ မိကျောင်းပင်ကျေးရွာမှ ကျေးရွာသူ/သား(၇၀)ဦး ခန့်အား လည်းကောင်း သဘာဝဘေးအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2020 Source:  ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖျာပုံမြို့အမှတ် (၁၂) ရပ်ကွက်၊ ဒုတိယလမ်း၌ မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေတစ်လုံး၊ လူဦးရေ (၂) ဦးတို့အတွက် ကယ်ဆယ်‌ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၅.၁.၂၀၂၀)နေ့ နံနက် (၁၀:၃၀)နာရီတွင် ခရိုင်မီးသတ်၊ မြို့နယ်ထွေအုပ်တို့မှတာဝန်ရှိသူများနှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_jan2020 Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events