Latest News
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀)ရက်နေ့တွင် ဇလွန်မြို့နယ်၊ (ကတော့ကရက်အုပ်စု ၊ကတော့ကရက်၊ ခင်ပြည့်ကျေးရွာနှင့် စွံပိအုပ်စု၊ စွံပိ ၊ မကျီးသုံးပင်ကျေးရွာတို့တွင် နံနက် (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ (တာကလေးနှင့်ပန်းဘဲတန်း) ရပ်ကွက်တို့တွင် ည(၁၈:၀၀) နာရီအချိန်မှ (၂၀:၀၀) နာရီအချိန်ထိလည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် (ဒုတိယအကြိမ်) အသိပညာပေးခြင်း လုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀) ရက်နေ့တွင် ပေါက်ခေါင်း မြို့နယ်၊ ညောင်ဝန်းကျေးရွာ၊ တောင်လည်ကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ အောင်ချမ်းသာရွာသစ်ကျေးရွာနှင့် နီပါးဆေးကျေးရွာတို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများ ပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှ ထုတ်ပြန် ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_Jul2020 Source: … Read more
-
ကချင်ပြည်နယ်အတွင်းရှိ (IDPs)များ ပြန်လည်နေရာချထားရေးတွင် တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို တာဝန်ရှိ သူများနှင့် တွေ့ဆုံညှိနှိုင်းမှုသတင်း
ဇူလိုင်၂၃၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံမှ ကနဦး ဖြစ်နိုင်ခြေဆန်းစစ်လေ့လာခြင်း ဆောင်ရွက်မည့်ကိစ္စအပေါ် Power China Kunming Engineering Corporation က Chief Representative ဖြစ်သူ Mr. GaoZhong ping ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ … Read more
-
မိုးကြိုပစ်ခတ်မှုကြောင့် မိုးကြိုးစက်ကွင်းမိ ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု၊ လက်ခုပ်တောင်ကျေးရွာ၌ (၂၂-၇-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှု ကြောင့် မိုးကြိုးစက်ကွင်းမိ ထိခိုက်ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၂၃-၇-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_tls #tny_Jul2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်အထိ ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ ခြံကလေးကျေးရွာ၊ တောင်သူကုန်းကျေးရွာနှင့် ကော့လာပလကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loudspeaker ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jul2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀) ရက်နေ့တွင် ဂရုဏာနာရေး ကူညီမှုအသင်း ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျွန်းစုမြို့နယ်၊ ကတ္တလူ၊ တောင်တွင်းကြီး၊ မရမ်းချောင်း ကတန်၊ကပ၊ ကဒဲကဒွတ်ကျေးရွာတို့တွင် COVID – 19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များ အသိပညာပေးခြင်းနှင့် သဘာဝ ဘေးလက်ကမ်းစာစောင်ဝေငှပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more









