ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့တွင် ကျီကြီးကျေးရွာအုပ်စု၊ ကျီကြီးကျေးရွာ၊ ဒရင်‌ကောက်ကျေးရွာ၊ သုံးကွင်းဆိုင် ကျေးရွာ၊ တဲကြီးစုကျေးရွာများ၊ မှတ်တိုင်ကျေးရွာအုပ်စုရှိမှတ်တိုင်ကျေးရွာ၊ နွားခြံကျေးရွာ၊ ကျုံပိုကျေးရွာ၊‌ ကျောင်ကွင်းကျေးရွာ၊ ကံ‌ကျေးရွာများတို့တွင် (ဒုတိယအကြိမ်) အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယ လှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီး ဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြူချောင်းရွာသစ်ကျေးရွာတွင် အိမ်ခြေ (၇၁) လုံး၊ အိမ်ထောင်စု (၇၁) စု၊ လူဦးရေ (၃၈၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_jul2020

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ဖဲဒိုကျေးရွာနှင့် ကလော့သော့ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jul2020

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ မြို့နယ်၊ မြေနီကုန်းကျေးရွာ ဇရစ်ချောင်ကျေးရွာနှင့် တောစွန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိ ပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jul2020

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင် မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ========= သို့ဖြစ်ပါ၍ ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မန္တလေး မြို့နှင့် မြင်းမူမြို့တို့တွင် (၁) ပေခန့်နှင့် စစ်ကိုင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေများသည် မန္တလေးမြို့နှင့် မြင်းမူမြို့တို့တွင် နောက်(၃)ရက် အတွင်းနှင့် စစ်ကိုင်းမြို့တွင် နောက်(၂)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင် ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ … Read more