(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀) ရက်နေ့ (၁၈:၀၀) နာရီချိန်မှ (၂၀:၀၀) နာရီအချိန်ထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံရှအုပ်စု၊ ကျုံရှရွာ၊ ဖက်သောင်အုပ်စု၊ ဖက်သောင်ရွာ၊ ဇော်ဂျီကွင်းအုပ်စု၊ ဇော်ဂျီကွင်းရွာ၊ မေရီလန်းအုပ်စု၊ မေရီလန်းရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားတတ်သော COVID-19 ကူးစက်ရောဂါကာကွယ်ခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာ ဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည် နိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များကို ဝေငှဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy _jul2020

Sign Up

Upcoming Events