ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ ‌မြောင်းမြမြို့နယ်၊ မြို့မစျေးနှင့် မြသာယာစျေးတို့တွင် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှု သတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ညောင်ပင်လေးစျေးနှင့် ညောင်ပင်ကြီးစျေးတို့တွင် အသိပညာ‌ပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာအုပ်စု၊ ပကိတ်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်း ကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ်(၅) ရပ်ကွက်၌ မီးဘေးထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • (Covid-19) ရောဂါကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Irrawaddy Green Towers Ltdတို့ပူးပေါင်း၍ (Covid-19) ကြိုတင်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်ခြင်း၊ (Covid-19)နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို (၂၃-၇-၂၀၂၀) ရက်နေ့ (၀၈:၀၀) အချိန်မှ(၁၆:၀၀) အချိန်ထိ သံတွဲခရိုင်၊ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ချောင်းကောက်ရပ်ကွက်၊ ကန်ပိုင်ရပ်ကွက်၊ ဆေးရုံကွက်သစ်ရပ်ကွက်၊ မြို့မဈေးနှင့် ဌာနဆိုင်ရာရုံးများအား (Covid-19) အထောက်အကူပြု ပစ္စည်းများပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #rke_jul2020 … Read more

  • (Covid-19)ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ သရက်တော၊ သဲတန်း၊ယွန်းတန်း၊ကြာနီကန်၊ သံလျက်စွန်း၊ တောင်ရွာရပ်ကွက်များတို့တွင် (Covid-19) အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_jul2020     Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • (Covid-19)ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စုနှင့် ကညင်ကောက်ကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ (Covid-19)ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် ဒုတိယအကြိမ် အသိပညာပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_jul2020     Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အေးမြသာယာရပ်ကွက်နှင့် လယ်တီကွင်းရပ်ကွက်တို့တွင် လှည့်လည်ပြီး လတ်တလော ဖြစ်ပွားတတ်ရှိသော COVID-19 ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေ ပြည်သူလူထုအား အသိပညာပေးလှည့်လည် နိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များကို ဝေငှဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy … Read more

  • (COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀) ရက်နေ့ (၁၈:၀၀) နာရီချိန်မှ (၂၀:၀၀) နာရီအချိန်ထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံရှအုပ်စု၊ ကျုံရှရွာ၊ ဖက်သောင်အုပ်စု၊ ဖက်သောင်ရွာ၊ ဇော်ဂျီကွင်းအုပ်စု၊ ဇော်ဂျီကွင်းရွာ၊ မေရီလန်းအုပ်စု၊ မေရီလန်းရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားတတ်သော COVID-19 ကူးစက်ရောဂါကာကွယ်ခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် လိုက်နာ ဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည် နိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များကို ဝေငှဆောင်ရွက်ခဲ့ကြောင်း … Read more

  • (Covid-19)ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀)ရက်နေ့တွင် ဓနုဖြူမြို့ပေါ်ရှိ (၁၅)ရပ်ကွက်နှင့် (၁၆) ရပ်ကွက်တို့၌ (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည်လည်ဟောပြောခြင်း၊ သဘာဝဘေး (၈)မျိုး လက်ကမ်းစာစောင် များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_jul2020     Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)