ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်နေရာများတွင် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိ

ဇူလိုင်လ ၂၇ ရက်နေ့၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့တွင် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ရှိ လီဆူဘုရားကျောင်း၊ နှစ်ခြင်းဘုရားကျောင်း၊ ကက်သလစ် ကျောင်း၊ ဆိုင်းဂျာဘုရားကျောင်း၊ ညောင်နှစ်ပင်စခန်းနှင့် ထန်းညစုစုပေါင်း IDP စခန်း (၆) ခုသို့သွားရောက်၍ ထုံး (၆၀) အိတ်၊ ဆပ်ပြာ (၂၅၅၉) ခဲနှင့် ဗီနိုင်း (၆) ချပ်တို့အား သွားရောက် ထောက်ပံ့ခဲ့ပါသည်။ အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အမျိုးသားကျောင်း၊ ကရုချောင်းကျောင်း၊ ဃောသိတာရုံကျောင်း၊ ဆည်ကြီးကျောင်း၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်ဘုန်းတော်ကြီးကျောင်း၊ တောင်မင်းကုလားဘုန်းတော်ကြီးကျောင်း၊ ဝါးတောင်တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်းကျေးရွာ ဘုံမြေ နေရာ၊ မြို့နယ်သာသနာ့ဗိမာန်၊ ခရစ်တော်အသင်းကျောင်း၏ ကျမ်းစာကျောင်း၊ မြို့မအ.ထ.က စာသင်ကျောင်း၊ မဟာကံကြီးသျှင်ဘုရား၊ နေပူခံတိုက်ပွဲရှောင်စခန်း၊ ပြည်တော်သာရပ်ကွက် အ.ထ.က ကျောင်း၊ မြို့သစ်ရပ်ကွက် အ.မ.က (၃) စာသင်ကျောင်း၊ မြို့မရွှေကျောင်း၊ မင်းပြားမြို့နယ်ရှိ ကျွန်းတော ရွှေဖောင် တောဘုန်းတော်ကြီးကျောင်း၊ ရွာသစ်ဘုန်းတော်ကြီးကျောင်း၊ နရမ်းရွာကြီးဓမ္မာရုံ၊ နရမ်းအုပ်စု ဘုန်းတော်ကြီးကျောင်း၊ ပုညရာမဘုန်းတော်ကြီးကျောင်း၊ သေကန်ဘုန်းတော်ကြီးကျောင်း၊ အမ်းသား ဘုန်းတော်ကြီးကျောင်း၊ သူဌေးကုန်းဘုန်းတော်ကြီးကျောင်း၊ ပုလဲပေါက်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ အိုင်ဝန်းကျေးရွာ၊ ဓမ္မရတနာကျောင်းတိုက်၊ ကေသလာချောင်းဝကျေးရွာ၊ ဓညဝတီကျောင်းတိုက်၊ မြရတနာကျောင်းတိုက်၊ ရွှေကျန်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဝါးတောင်ကျေးရွာ၊ အိုင်ဝန်းကျေးရွာ၊ ကေသလာချောင်းဝကျေးရွာ စုစုပေါင်း ယာယီတိုက်ပွဲရှောင်နေရာ (၃၄) နေရာတို့ကိုသွားရောက်၍ ဆပ်ပြာ (၁၄၈၈၁) တောင့်၊ ထုံး (၃၃၀) အိတ်တို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။
(၂၆-၇-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း၊ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း၊ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်း၊ ဘုရားပေါ်ဘုရားသိမ်၊ အောင်စေတီဘုရားသိမ်၊ နရတ်စားဘုရားသိမ်၊ ကျောက်ရာဇ်ကေဘုန်းတော်ကြီးကျောင်း၊ မြို့သစ် ဘုန်းတော်ကြီးကျောင်း၊ ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းသစ်၊ ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းဟောင်းနှင့် ကိုးနဝင်းဘုန်းတော်ကြီးကျောင်း စုစုပေါင်း ယာယီတိုက်ပွဲရှောင်နေရာ (၁၁) နေရာတို့တွင် ဆပ်ပြာ (၅၅၈၀) တောင့်၊ ထုံး (၁၁၀) အိတ်တို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာ ပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်း များကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ar
#kcn_jul2020
#rke_jul2020

Source: MOSWRR

Sign Up

Upcoming Events