လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ တဲ​တော်ယာကျေးရွာအုပ်စု၊ ပြစ်ထဲကျေးရွာ၊ တဲ​တော်ယာ(တ)ကျေးရွာ ၊ ချောင်းနားကျေးရွာအုပ်စု၊ ​ချောင်းနားကျေးရွာ၊ တပ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတို့၌ (၂၆-၇-၂၀၂၀) ရက်နေ့၊ ညနေ (၁၉:၃၀) အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး အိမ်ခြေ (၁)လုံး၊ အမိုးလန်ပျက်စီးအိမ်ခြေ (၁၂) လုံး၊ အိမ်ထောင်စု (၁၃)စုမှ ကျား(၂၇)ဦး၊ မ(၂၃)ဦး၊ စုစုပေါင်း (၅၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၀၅,၀၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ(၄၉၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၉၅,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁) အိမ်ထောင်စာတို့အား ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်/ဆက်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ တဲတော်ယာကျေးရွာ အုပ်ချုပ်ရေးမှူး၊ တပ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ချောင်းနားကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် အတူ(၂၈-၇-၂၀၂၀) ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_jul2020

Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events