မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​​ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀) ရက်နေ့တွင်  သာစည်မြို့နယ်အတွင်းရှိအင်းဝင်းအုပ်စု (အင်းဝင်းကျေးရွာ၊ ကုက္ကိုပေါက်ကျေးရွာ) အိုင်ဒွန်းအုပ်စု (အိုင်ဒွန်းကျေးရွာ၊ ပေါက်ချောင်းကျေးရွာ) အပျောက်အုပ်စု (အပျောက်(အနောက်)၊ အပျောက် (အရှေ့)၊ နှောပင်ကျေးရွာ) ကုန်းတောင်းအုပ်စု (ကုန်းတောင်း(အနောက်)၊ ကုန်းတောင်း(တောင်)၊ ကုန်းတောင်း(မြောက်)) ညောင်အိုင်အုပ်စု(ညောင်အိုင်ကျေးရွာ၊ ကမ္ဘားမြင့်ကျေးရွာ) ဘုရားကုန်းအုပ်စု (ရွှေလှံ(တောင်)၊ ရွှေလှံ(မြောက်)၊ ဘုရားကုန်း ကျေးရွာ) တမာကုန်းအုပ်စု (တမာကုန်းကျေးရွာ၊ ကျီးကန်ကျေးရွာ၊ ခလတ်ကုန်း ကျေးရွာများရှိ ပြည်သူများအား Covid 19 ကူးစပ်နှင့် … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့၊ ် (၀၉:၀၀) အချိန်မှ (၁၂:၀၀) အချိန်ထိ သံတောင်ကြီးမြို့နယ်၊ မောင်နွှဲ့ကြီးကျေးရွာအုပ်စုအတွင်းရှိ မောင်နွှဲ့ကြီးကျေးရွာ၊ နန်းချိန်ခွင်ကျေးရွာနှင့် မဲသင်္ခါကြီးကျေးရွာများတွင် Covid-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား လော်စပီကာဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် ဝေငှပေး ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_Jul2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ညောင်ရွှေမြို့နယ်၊ ရေပယ်ကျေးရွာ၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများအား Hand Speaker များဖြင့် လိုက်လံ ဟောပြောခြင်းနှင့် Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #shn_Jul2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့၊ ကျွန်းကြီးကျေးရွာ၊ ပါပေါင်းကျေးရွာ၊ စင်းခန်းကျေးရွာ၊ ကောင်းတုန်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့၌ (၂၃-၇-၂၀၂၀)ရက်နေ့နှင့် (၂၄-၇-၂၀၂၀)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၀၀)စုမှ လူဦးရေ (၅၄၁)ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁,၁၃၆,၁၀၀/-) ကျပ်နှင့် အဝတ်နှာခေါင်းစည်း(၅၄၁)ခု၊ ဆပ်ပြာတောင့်(၁၀၀)တောင့်တို့ကို (၂၈-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_jul2020 Source:           ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပင်လောင်းမြို့နယ်၊ ပင်လောင်းမြို့မစျေးနှင့် နောင်တရားစျေးတို့၌Covid-19 ကူးစက် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း များ Hand Speaker များဖြင့် လိုက်လံဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေး ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_Jul2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ကဝမြို့၊ ရှမ်းကန်ကျေးရွာ၊ ဇင်းဘုကျေးရွာ၊ သခွပ်ကန်ကျေးရွာနှင့် ဘူးကုန်းကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရန် အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာကပ်ခြင်းတို့ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jul2020 Source:           ကဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ)