COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ကဝမြို့၊ ရှမ်းကန်ကျေးရွာ၊ ဇင်းဘုကျေးရွာ၊ သခွပ်ကန်ကျေးရွာနှင့် ဘူးကုန်းကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရန် အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာကပ်ခြင်းတို့ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#bgo_jul2020

Source:           ကဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events