လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့၊ ကျွန်းကြီးကျေးရွာ၊ ပါပေါင်းကျေးရွာ၊ စင်းခန်းကျေးရွာ၊ ကောင်းတုန်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့၌ (၂၃-၇-၂၀၂၀)ရက်နေ့နှင့် (၂၄-၇-၂၀၂၀)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၀၀)စုမှ လူဦးရေ (၅၄၁)ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁,၁၃၆,၁၀၀/-) ကျပ်နှင့် အဝတ်နှာခေါင်းစည်း(၅၄၁)ခု၊ ဆပ်ပြာတောင့်(၁၀၀)တောင့်တို့ကို (၂၈-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#kcn_jul2020
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)