Latest News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကျောက်တံခါးမြို့နယ်အတွင်းရှိ လေပြင်းဘေးသင့် ပြည်သူများအား အားပေး ထောက်ပံ့
ဇူလိုင် ၂၇၊ ကျောက်တံခါး ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ ဂွေးကုန်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာ အုပ်စု၊ ဝိုင်းကြီးကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာအုပ်စုနှင့် ကင်းကျေးရွာအုပ်စုတို့တွင် (၂၆-၇-၂၀၂၀) ရက်နေ့က မိုးသည်းထန်စွာရွာခြင်း၊ လေးပြင်းတိုက်ခတ်ခြင်းတို့ကြောင့် နေအိမ်များ၊ စာသင်ကျောင်းအချို့နှင့် ဘုန်းကြီးကျောင်းအချို့တို့ ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဘေးသင့်ပြည်သူများအား အားပေး ထောက်ပံ့ခြင်းများကို ယနေ့နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်အတွင်း၌ သွားရောက် ဆောင်ရွက် ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးသို့ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပစ္စည်းများ လာရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀)ရက်နေ့၊ (၀၇:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမ၌ Irrawaddy Green Towers Ltd. မှ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခြင်း၊ Irrawaddy Green Towers Ltd.မှ တာဝန်ရှိသူက အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးသို့ ပစ္စည်းများလွှဲပြောင်းပေးအပ်ခြင်းတို့ဆောက်ရွက်ခဲ့ရာ တာဝန်ရှိသူက လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ အဆိုပါပစ္စည်းများကို … Read more
-
COVID 19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမီခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀) နေ့တွင် ပီတိကုသိုလ်အရေးပေါ်လူနာတင်အသင်းပရဟိတအဖွဲ့တို့နှင့်ပူးပေါင်း၍ ပလောက်မြို့အတွင်းရှိ လိပ်သောင်ကျေးရွာ၊ ထမင်းမစားကျးရွာ၊ တော်ဝင်ကျေးရွာ၊ လယ်ထဲကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင် စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်လက်များအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jul2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကံပုံကျီးနားကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ အသိပညာပေးခြင်းအား လော်စပီကာ၊ Hand Speaker များဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_Jul2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေအိမ်များအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့၊ ယွန်းတန်း ရပ်ကွက်နှင့် သရက်တောရပ်ကွက်တို့၌ (၂၄-၇-၂၀၂၀) ရက်နေ့နှင့် (၂၆-၇-၂၀၂၀)ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့နေအိမ် (၂၇)လုံး၊ အိမ်ထောင်စု (၂၇)စုမှ လူဦးရေ (၉၆) ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၂၀၁,၆၀၀/-)ကျပ်အား (၂၇-၇-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_jul2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇.၇.၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလို့ကျေးရွာအုပ်စု၊ ထီးလသူးခို ကျေးရွာ၊ လွီကထိကျေးရွာ၊ ပဒါန်းခိုကျေးရွာ၊ ပဆေးလာကျေးရွာ၊ မြလဲကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန် များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









