Covid-19 ကူးစက်မှု (ဒုတိယလှိုင်း) မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများဆောင်ရွက်ခြင်း

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၀) ရက်နေ့ ၊ မနက် (၀၈:၃၀) နာရီအချိန်မှစ၍ (၁၃:၀၀) နာရီအချိန်အထိ မြောင်းမြ ခရိုင်၊ မြောင်းမြမြို့နယ်၊ ငါးမြင်းချောင်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ချောင်းကြီးကျေးရွာ၊ ကွင်းကလေး ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ စာဖြူကုန်းကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ (၃၀.၆.၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ် မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် သဘာဝဘေး အသိပညာပေးခြင်းတို့အားလည်းကောင်း အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020    

Source:  မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events