လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀)ရက်နေ့တွင် တောင်ပို့တစ်ရာအုပ်စု (တောင်ပို့တစ်ရာ၊ သရွတ်ဝ၊ ဖေဒုံ၊ ဝါသလ)ကျေးရွာတို့ရ၌ (၀၈:၃၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်အထိ လည်းကောင်း၊ မြန်အောင်မြို့နယ်၊ ဒေါင်းကျအုပ်စု၊ (ဒေါင်းကျ၊ ရှားကုန်း၊ ဂျို့ကုန်း၊ ကျောင်းကုန်း၊ ကုန်းကြီး၊ တလိုင်ခြံ၊ ဇီးကုန်း)ကျေးရွာတို့၌ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်အထိလည်းကောင်း COVID-19 ရောဂါ ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိ သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)