Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀)ရက်နေ့တွင် တောင်ပို့တစ်ရာအုပ်စု (တောင်ပို့တစ်ရာ၊ သရွတ်ဝ၊ ဖေဒုံ၊ ဝါသလ)ကျေးရွာတို့ရ၌ (၀၈:၃၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်အထိ လည်းကောင်း၊ မြန်အောင်မြို့နယ်၊ ဒေါင်းကျအုပ်စု၊ (ဒေါင်းကျ၊ ရှားကုန်း၊ ဂျို့ကုန်း၊ ကျောင်းကုန်း၊ ကုန်းကြီး၊ တလိုင်ခြံ၊ ဇီးကုန်း)ကျေးရွာတို့၌ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀)နာရီအချိန်အထိလည်းကောင်း COVID-19 ရောဂါ ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိ သည့် … Read more
-
ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ (၂၈.၇.၂၀၂၀)ရက်နေ့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၄)စုမှ လူဦးရေ (၁၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်၊ ဆပ်ပြာ (၄)တောင့် ၊ Mask (၈)ခုတို့အား (၂၉.၇.၂၀၂၀)ရက်နေ့၊ (၁၃:၂၀)နာရီအချိန်တွင် ထုံးဘိုကျေးရွာ၊ မြသိန်းတန်ဘုရားတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_jul2020 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ထုံးပေါက် တောကျေးရွာအုပ်စု၊ သဖန်းဆိပ်ကျေးရွာအနောက်ပိုင်း၌ (၂၈-၇-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တတ်လာမူကြောင့် ရေဘေးသင့်အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၄၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၆,၁၀၀/-) ကျပ်တို့အား (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_Jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ဒိုးမားကျေးရွာနှင့် ဆက်သွယ် ကျေးရွာတို့ တွင်COVID-19ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွား လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mon_Jul2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၇ -၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ရှိ ဝှေမှုန်ကျေးရွာ၊ ဝှေဆန်ကျေးရွာ၊ ကူးဆိပ်ကျေးရွာနှင့် ကမမောင်းမြို့ရှိ ကန်ညီနောင်ကျေးရွာ၊ ကွင်းမြောင်းကျေးရွာ၊ ကတိုင်တိ ကျေးရွာများ၌COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ ညိုရောင်ချောင်းကျေးရွာ၌ မိုးကြိုးထိမှန်မှုကြောင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူ လျက်ရှိသည့် ဒဏ်ရာရလူနာ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ် အား (၂၉.၇.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #rke_jul2020 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)









