လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၇ -၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ရှိ ဝှေမှုန်ကျေးရွာ၊ ဝှေဆန်ကျေးရွာ၊ ကူးဆိပ်ကျေးရွာနှင့် ကမမောင်းမြို့ရှိ ကန်ညီနောင်ကျေးရွာ၊ ကွင်းမြောင်းကျေးရွာ၊ ကတိုင်တိ ကျေးရွာများ၌COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီ ကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_jul2020
Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)