Latest News
-
ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြည်သူသို့အသိပေးနှိုးဆော်ခြင်း
ဇူလိုင် ၂၉၊ နေပြည်တော် မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီး ရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင် ပါသည်။ သို့ဖြစ်ရာ ယခုကာလ၌ ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း အထူးသတိထားရန် လိုအပ် ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် အောက်ပါ အချက်များကို သတိပြုလိုက်နာ ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်- မိုးလေဝသသတင်းများနှင့် ထူးခြား မြစ်ရေအခြေအနေထုတ်ပြန်ချက်များကို သတိပြု နားထောင်ပါ။ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့တွင် ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၁၇) ရွာနှင့် ရပ်ကွက် ( ၂)ရပ်ကွက်မှ ပြည်သူများအား မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကို လော်စပီကာ၊ Hand Speaker တို့ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာအုပ်စု၊ မဲဘောင်ကျေးရွာ၊ သစ်ခေါင်းကျေးရွာ၊ သဲအိမ်ကျေးရွာနှင့် ရွာကလေးကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ သခွတ်ကုန်းကျေးရွာ အုပ်စု၊ ရေသိုးကြီးကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ရေသိုးလေးကျေးရွာ၊ ကြာအင်း(အရှေ့)နှင့် ကြာအင်း(အနောက်)ကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားရေရန်နှင့် သဘာဝဘေးနှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့ (၁၄:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်း
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် စစ်ကိုင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး၊ နောက် (၁)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့ တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက် အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် ဆိပ်သာမြို့တွင် … Read more
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့ပေါ် တောင်ပိုင်းရပ်ကွက်၌ COVID-19 ရောဂါကူး စက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည်လည်ဟောပြောခြင်း၊ ဘေး (၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ဗီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









