လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့အတွင်းရှိ တိုက်ပွဲရှောင်စုရပ်(၉)ခုမှ အိမ်ထောင်စု(၃၀၉)စု၊ လူဦးရေ (၁၂၇၀)ဦးတို့အတွက် ဆန်ရိက္ခါ(၁)လစာ ဆန်(၃၃၆)အိတ်၊ (၂၁)ပြည်နှင့် တိုက်ပွဲရှောင် စုရပ်(၆)ခုမှ အိမ်ထောင်စု(၈၇)စု၊ လူဦးရေ(၂၈၆)ဦးအတွက် ဆန်ရိက္ခါဖိုးငွေ(၂၅၇၄၀၀၀/-)ကျပ်အားလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် တိုက်ပွဲရှောင်စုရပ်(၄)ခုမှ အိမ်ထောင်စု(၆၀)စု၊ လူဦးရေ(၂၄၃)ဦးတို့အတွက် ဆန်ရိက္ခါ(၁)စာ (၇၅)အိတ်၊ (၂၂)ပြည်(၄)ဘူးနှင့် တိုက်ပွဲရှောင်စုရပ်(၆)ခုမှ အိမ်ထောင်စု(၁၆၀)စု၊ လူဦးရေ(၅၈၃)ဦးတို့အတွက် ဆန်ရိက္ခါဖိုးငွေ(၁)လစာ (၅၂၄၇၀၀၀/-)ကျပ်အားလည်းကောင်း၊ စစ်တွေမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင် စုရပ်(၁၁)ခုမှ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၂၂၅)စု၊ လူဦးရေ(၇၆၈)တို့အတွက် ဆန်ရိက္ခါ(၂)ပတ်စာ ဆန်(၁၁၂)အိတ်အားလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် စုရပ်(၁)မှ ထပ်တိုးရောက်ရှိ လာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၇၉)စု၊ လူဦးရေ(၃၁၄)ဦးတို့အတွက် ဆန်ရိက္ခါ(၂)ပတ်စာ ဆန်(၄၅)အိတ်၊ (၁၉)ပြည်တို့အား (၂၉-၇-၂၀၂၀)ရက်နေ့နှင့်(၃၀-၇-၂၀၂၀)ရက်နေ့တို့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ otr
#rke_jul2020