မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေ ဘေးအန္တရာယ်တို့နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်၊ ဇီးကုန်းလေးရပ်ကွက်၊ ကန်ကြီးတန်းရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ မင်းတန်းရပ်ကွက်၊ ရုံးလမ်းရပ်ကွက်၊ ဈေးချိုတန်းရပ်ကွက်၊ ပြည်တော်သာရပ်ကွက်တို့၌ (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_aug2020 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မီးသေကျေးရွာ၌ (၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂၅၀ဝ/-) ကျပ်တို့အား (၂-၈-၂၀၂၀) ရက်နေ့၊ (၀၂:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fld #mgy_aug2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား တွေ့ဆုံရှင်းလင်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၈-၂၀၂၀)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၊ ဖောင်းဆိပ်ကျောင်းတိုက်၌  ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန (ဆည်မြောင်း)နှင့် မြစ်ချောင်းဖြိုးမှ တာဝန်ရှိသူများနှင့်အတူ အိပ်ပျက်ကျေးရွာအုပ်စု၌ ကမ်းပြိုကမ်းစားဖြစ်ပွားနေမှုနှင့်စပ်လျဥ်း၍ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဥ်များနှင့် ပြောင်းရွေ့အိမ်ထောင်စုများအား ထောက်ပံမှုအခြေအနေများကို ကျေးရွာနေပြည်သူများနှင့် သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်း​ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_rbe #ayy_aug2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ၊ ကျောင်းချောင်းကျေးရွာ၊ ထုံးဘူးကွဲကျေးရွာနှင့် ဂျပ်ချောင်းကျေးရွာတို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့်ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: … Read more

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ မြို့​ပေါ်ရှိရပ်ကွက်(၁၇၊ ၁၈၊ ၁၉)နှင့် ​ကန်​ကျေးရွာအုပ်စု၊ အညွှန်​ကျေးရွာ၊ ကနိကျေးရွာ၊ ကနိ​ချောင်းဝကျေးရွာ၊​ တင်ပုလွဲကျေးရွာအုပ်စု၊ တင်ပုလွဲရွာမကျေးရွာ၊ ဓမင်းဆိပ် ကျေးရွာ၊​ ကွန်ဒိုင်းကျေးရွာ၊​ အောင်ချမ်းသာကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရေးအတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင် ရွက်ရန်အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးခြင်းများကို လှည့်လည်ဟောပြောခြင်းနှင့် ဘေး(၈)မျိုးလက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ချောက်ရွာမရပ်၊ အမှတ်(၇)ရပ်ကွက်၊ အုတ်ဖိုရပ်နှင့် ရွာဟောင်းရပ်၊ အမှတ်(၈)ရပ်ကွက်တို့၌ (၁၅-၇-၂၀၂၀)ရက်နေ့မှ (၃၀-၇-၂၀၂၀)ရက်နေ့အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးရှောင် ပြောင်းရွှေ့အိမ်ထောင်စု (၇၀)စု၊ လူဦးရေ (၂၉၃)ဦးတို့အတွက် ဆပ်ပြာ(၇၀)တောင့်နှင့် Mask (၂၉၃)တို့အား (၂-၈-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)