လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၈-၂၀၂၀)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၊ ဖောင်းဆိပ်ကျောင်းတိုက်၌ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန (ဆည်မြောင်း)နှင့် မြစ်ချောင်းဖြိုးမှ တာဝန်ရှိသူများနှင့်အတူ အိပ်ပျက်ကျေးရွာအုပ်စု၌ ကမ်းပြိုကမ်းစားဖြစ်ပွားနေမှုနှင့်စပ်လျဥ်း၍ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဥ်များနှင့် ပြောင်းရွေ့အိမ်ထောင်စုများအား ထောက်ပံမှုအခြေအနေများကို ကျေးရွာနေပြည်သူများနှင့် သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_rbe
#ayy_aug2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)