COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ မြို့​ပေါ်ရှိရပ်ကွက်(၁၇၊ ၁၈၊ ၁၉)နှင့် ​ကန်​ကျေးရွာအုပ်စု၊ အညွှန်​ကျေးရွာ၊ ကနိကျေးရွာ၊ ကနိ​ချောင်းဝကျေးရွာ၊​ တင်ပုလွဲကျေးရွာအုပ်စု၊ တင်ပုလွဲရွာမကျေးရွာ၊ ဓမင်းဆိပ် ကျေးရွာ၊​ ကွန်ဒိုင်းကျေးရွာ၊​ အောင်ချမ်းသာကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရေးအတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင် ရွက်ရန်အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးခြင်းများကို လှည့်လည်ဟောပြောခြင်းနှင့် ဘေး(၈)မျိုးလက်ကမ်း စာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug2020

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events