ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ တောကျွဲလူးအုပ်စု၊ ကျောင်းစုနှင့် ဆင်လူးကျေးရွာတို့တွင် (၅.၈.၂၀၂၀) နေ့၌ ဖြစ်ပွားခဲ့သောလေဘေးသင့်အိမ်ခြေ(၃)လုံး၊ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၃၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၇၃၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၅၇၃၀၀)ကျပ်ကို (၇.၈.၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #‌ayy_mon2020 Source:             ‌ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုများ

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကရင်ဝင်းစိန်ကျေးရွာနှင့် စောကဲ ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်​တို့ဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_mon2020 Source:             ‌ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၇-၈-၂၀၂၀)ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ အလမျိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၅)၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရေး အများပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက် များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးအသိ ပေးချက်များကို  လှည်လည်ဟောပြောခြင်းနှင့် ဗွီနိုင်းပိုစတာ၊ ဘေး(၈)မျိုးလက်ကမ်းစာစောင် များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ (၄-၈-၂၀၂၀)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ‌ခွေးတောက်ချောင်းကျေးရွာနှင့် လန်တာ‌ကျေးရွာစစ်ကုန်းအုပ်စု၊ သဒ္ဓမ္မကွန်း‌ကျေးရွာများရှိ ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ(၈၀)လုံး၊ ၄င်းအိမ်ထောင်စု(၈၀)စုရှိ လူဦးရေ(၃၀၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၆၄၆၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၈၆၄၆၈၀၀)ကျပ်အား (၇-၈-၂၀၂၀)ရက်နေ့(၁၆:၃၀)နာရီ အချိန်တွင်‌ တာ၀န်ရှိသူများနှင့်အတူ‌ ဘေးဖြစ်ပွားရာ‌ဒေသများသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #ayy_aug2020 Source:             အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၈-၂၀၂၀)ရက်နေ့၊ (၀၆:၃၀)အချိန်ခန့်တွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်၊ ကျိုင်းခုံရပ်၌ ဖြစ်ပွား ခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုနှင့် လူဦးရေစုစုပေါင်း (၅)ဦးတို့ လေဘေးသင့်ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာကျပ်(၂၀၀,၀၀၀/-)ခန့်ဖြစ်ပြီး၊ အဆိုပါလေပြင်း ဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ(၁)ပတ်စာဖိုးထောက်ပံ့ငွေ(၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးတို့အား (၇-၈-၂၀၂၀)ရက်နေ့၊ (၁၈:၀၀)နာရီအချိန်ခန့်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_aug2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ သရက်လိန်ကျေးရွာအုပ်စု၊ သရဲဇီးကျေးရွာတွင် (၅-၈-၂၀၂၀)ရက်နေ့၌ ဧရာဝတီမြစ်ရေဝင် ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၉,၄၀၀/-)ကျပ်၊ အိမ်ထောင်စု(၃)စုအတွက် ဆပ်ပြာ(၃)တောင့်နှင့် လူဦးရေ(၁၄)ဦးအတွက်(၁)ဦးလျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၂၈)ခုတို့အား (၇-၈-၂၀၂၀) ရက်နေ့ (၁၆း၃၀)နာရီ အချိန်တွင် သူရဲဇီးကျေးရွာ၌ ရပ်/ ကျေးတာဝန်ရှိသူများနှင့်အတူ ပြည်သူ့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug2020 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)