လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ တောကျွဲလူးအုပ်စု၊ ကျောင်းစုနှင့် ဆင်လူးကျေးရွာတို့တွင် (၅.၈.၂၀၂၀) နေ့၌ ဖြစ်ပွားခဲ့သောလေဘေးသင့်အိမ်ခြေ(၃)လုံး၊ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၃၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၇၃၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၅၇၃၀၀)ကျပ်ကို (၇.၈.၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီချိန်တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#‌ayy_mon2020

Source:             ‌ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events