လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ သရက်လိန်ကျေးရွာအုပ်စု၊ သရဲဇီးကျေးရွာတွင် (၅-၈-၂၀၂၀)ရက်နေ့၌ ဧရာဝတီမြစ်ရေဝင် ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၉,၄၀၀/-)ကျပ်၊ အိမ်ထောင်စု(၃)စုအတွက် ဆပ်ပြာ(၃)တောင့်နှင့် လူဦးရေ(၁၄)ဦးအတွက်(၁)ဦးလျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၂၈)ခုတို့အား (၇-၈-၂၀၂၀) ရက်နေ့ (၁၆း၃၀)နာရီ အချိန်တွင် သူရဲဇီးကျေးရွာ၌ ရပ်/ ကျေးတာဝန်ရှိသူများနှင့်အတူ ပြည်သူ့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#bgo_aug2020
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)