ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ၌ (၁.၈.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၀)လုံး၊ အိမ်ထောင်စု(၁၀)စုမှ လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၇၅၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၀၇၅၆၀၀/-)ကျပ်အား (၆.၈.၂၀၂၀) ရက်နေ့ (၁၃:၃၀)နာရီ အချိန်တွင် မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more

  • ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

      ‌လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ပခုက္ကူမြို့၊ ကုက္ကိုလှကျေးရွာအုပ်စု၊ မကျီးပင်ပုကျေးရွာအုပ်စု၊ လယ်ယာကျေးရွာအုပ်စု၊ မယ်ဇလီပင်ကုန်းကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ မြင်းကျွန်းကျေးရွာအုပ်စု၊ နတ်ကွန်းကျေးရွာအုပ်စုနှင့် ဘဲကြီးအုပ်စုတို့ရှိ ကျေးရွာ(၁၈)ရွာတို့မှ ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု (၄၃၄)စု၊ လူဦးရေ(၁၇၉၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃,၇၆၅,၃ဝဝ) ကျပ်အား (၆-၈-၂ဝ၂ဝ)ရက်နေ့၊ (၁၃:ဝဝ)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ရေသိုးကျေးရွာ၊ ကုန်းပြင်ကျေးရွာ၊ သပြေကွင်းကျေးရွာ၊ သိတာကျေးရွာ၊ ရေနောက်ကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source:           ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်နှင့် ပေါ်တော်မူ ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွား လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း၊ ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ပန်လက်ကျေးရွာအုပ်စု၊ ပန်လင် ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၈၄,၇၅ဝ/-)ကျပ်နှင့် လူဦးရေ(၃၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၆၇,၂၀ဝ/-)ကျပ်၊ စုစုပေါင်း‌ထောပ်ပံ့ငွေ(၄၅၁,၉၅ဝ/-)ကျပ်အား (၆-၈-၂၀၂၀)ရက်နေ့(၁၀း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ လက်၀ယ်အရောက်ထောက်ပံ့‌ခဲ့ပါကြောင်း သတင်းရရှိသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_aug2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ ကြူရှောကျေးရွာအုပ်စု၊ ကြူရှော (တောင်)ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၉၇,၁၀ဝ/-)ကျပ်နှင့် လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၆,၂၀ဝ/-)ကျပ်၊ စုစုပေါင်း‌ထောပ်ပံ့ငွေ(၂၄၃,၃၀ဝ/-)ကျပ်အား (၆-၈-၂၀၂၀)ရက်နေ့(၁၀း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ပြည်သူများ လက်၀ယ်အရောက်ထောက်ပံ့‌ခဲ့ပါ ကြောင်း သတင်းရရှိသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #shn_aug2020