လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ပခုက္ကူမြို့၊ ကုက္ကိုလှကျေးရွာအုပ်စု၊ မကျီးပင်ပုကျေးရွာအုပ်စု၊ လယ်ယာကျေးရွာအုပ်စု၊ မယ်ဇလီပင်ကုန်းကျေးရွာအုပ်စု၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ မြင်းကျွန်းကျေးရွာအုပ်စု၊ နတ်ကွန်းကျေးရွာအုပ်စုနှင့် ဘဲကြီးအုပ်စုတို့ရှိ ကျေးရွာ(၁၈)ရွာတို့မှ ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု (၄၃၄)စု၊ လူဦးရေ(၁၇၉၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃,၇၆၅,၃ဝဝ) ကျပ်အား (၆-၈-၂ဝ၂ဝ)ရက်နေ့၊ (၁၃:ဝဝ)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_aug2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)