ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ထိတွေ့ဒဏ်ရာရပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်ရှိ လက်နက်ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးသူပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်နှင့် ဒဏ်ရာရရှိသူပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀)ကျပ်အား (၁၃-၈-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_aug2020 Source:             စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၅၀)စု၊ လူဦးရေ(၆၉၄)ဦးတို့အတွက် ဆန်ရိက္ခါ(၁)လစာ ဆန်(၂၁၆)အိတ်၊ (၂၁)ပြည်နှင့် စံပြရပ်ကွက်၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၅၅)ဦးတို့အတွက် ဆန်ရိက္ခါ(၁)လစာ ဆန်(၁၇)အိတ်၊ (၄)ပြည်၊ (၄)ဘူးအား (၁၃-၈-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #rke_aug2020 Source:             စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့တွင် ​ဒေးဒရဲမြို့​နယ်​၊ တော်ကမယ်ကျေးရွာ၊​ ဓါးမသိမ်း​မြောက် ကျေးရွာ၊​ တော်ကမယ်ကုန်းတန်းကျေးရွာ၊​ သံဒင်းထက်ကျေးရွာ၊​ သံဒင်း​အောက်ကျေးရွာတို့၌ COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး (၈)မျိုး လက်ကမ်းစာစောင် ဝေဌခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more

  • Covid-19‌ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုက​လေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၃-၈-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ပတ္တမြားကုန်းကျေးရွာတွင် (၀၉:၀၀)နာရီအချိန်၌ လည်းကောင်း၊ ကိုးအိမ်တန်းကျေးရွာတွင် (၀၉:၃၀)နာရီအချိန်၌ လည်းကောင်း၊ ညောင်ကုန်းကျေးရွာတွင်(၁၀:၀၀)နာရီအချိန်၌လည်းကောင်း၊ ဆားမလောက်ကျေးရွာတွင် (၁၀:၃၀)နာရီအချိန်၌ လည်းကောင်း၊ အကယ်ချောင်းကျေးရွာတွင် (၁၁:၀၀)နာရီအချိန်၌လည်းကောင်း၊ သာပြန်ကြီး ကျေးရွာတွင် (၁၁:၃၀)နာရီအချိန်၌လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း လုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid – 19 ထိန်းချုပ်ရေးနှင့် … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၁၃-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်၌ ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများဆောင် ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၆၇,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၆၇,၂၀၀/-) ကျပ်အား(၁၃-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။\ … Read more

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ​စေတုတ္တရာမြို့နယ်၊ ​စေတုတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် ဖအိုင်း(အ​နောက်)​ကျေးရွာများသို့ (၂၂-၇-၂၀၂၀)ရက်​နေ့နှင့် (၂၄-၇-၂၀၂၀)ရက်​နေ့တို့တွင် ​​ပြောင်း​ရွှေ့​ရောက်ရှိလာ​သော တိုက်ပွဲ​ရှောင်ပြည်သူ အိမ်​ထောင်စု(၆)စုမှ လူဦး​ရေ(၃၀)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ စုစု​ပေါင်းထောက်ပံ့​ငွေ(၆၃,၀၀၀ိ/-)အား (၁၃-၈-၂၀၂၀)ရက်​နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ​ရပ်ကွက်/​ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့်အတူ ​တိုက်ပွဲ​ရှောင်ပြည်သူများ လက်ဝယ်အ​ရောက်သွား​ရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #mgy_aug2020 Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)