လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ပတ္တမြားကုန်းကျေးရွာတွင် (၀၉:၀၀)နာရီအချိန်၌ လည်းကောင်း၊ ကိုးအိမ်တန်းကျေးရွာတွင် (၀၉:၃၀)နာရီအချိန်၌ လည်းကောင်း၊ ညောင်ကုန်းကျေးရွာတွင်(၁၀:၀၀)နာရီအချိန်၌လည်းကောင်း၊ ဆားမလောက်ကျေးရွာတွင် (၁၀:၃၀)နာရီအချိန်၌ လည်းကောင်း၊ အကယ်ချောင်းကျေးရွာတွင် (၁၁:၀၀)နာရီအချိန်၌လည်းကောင်း၊ သာပြန်ကြီး ကျေးရွာတွင် (၁၁:၃၀)နာရီအချိန်၌လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း လုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် အသိပညာပေးခြင်းတို့အား အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#ar
#ayy_aug2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)