Latest News
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင် ရန်၊ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၈.၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ရွာသစ်မြို့၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်၊ နန့်မလင်ကျေးရွာ၊ ဝမ်လွဲ့ကျေးရွာ၊ လယ်ဝိုင်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန် များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လီဆူ IDPs စခန်းမှ အိမ်ထောင်စု(၁၁၃)စု လူဦးရေ(၆၄၅)ဦးအတွက် paris ဆပ်ပြာ (၆၄၅)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်အားလည်းကောင်း၊ AD2000 IDPs စခန်းမှ အိမ်ထောင်စု(၁၆၆)စု လူဦးရေ(၇၈၇)ဦးအတွက် paris ဆပ်ပြာ (၇၈၇)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်အားလည်းကောင်း၊ ရောဘက် စခန်းမှ အိမ်ထောင်စု (၆၂၈)စု၊ လူဦးရေ (၃၉၅၅)ဦးအတွက် ဆပ်ပြာ(၃၉၅၅)နှင့်ထုံး(၁၀)အိတ်အားလည်းကောင်း၊ ထွယ်ဆန်စခန်းမှ အိမ်ထောင်စု(၃၇)စု လူဦးရေ(၂၁၆)ဦးအတွက် paris ဆပ်ပြာ (၂၁၆)ခဲနှင့် … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၀) ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာ၊ ကျုံပေါကျေးရွာနှင့် ပေါ့ထော်ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း များဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ရေတွင်းကုန်းကျေးရွာ၊ လှည်းဆိပ်ကျေးရွာ၊ လှေဆိပ်ကျေးရွာနှင့် ကင်မွန်းချောင်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ဘေး (၈)မျိုးပါလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေကူမြို့၊ နှစ်ခြင်းIDPsစခန်းရှိ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ (၃၀၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၃၀၆)ခဲနှင့် ကက်သလစ် IDPs စခန်းရှိ အိမ် ထောင်စု(၄၂)စု၊ လူဦးရေ(၁၇၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၁၇၆)ခဲ စုစုပေါင်း ထုံး(၂၀)အိတ်၊ ဆပ်ပြာ(၄၈၂)ခဲတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #kcn_aug2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ်(၁)လုံးနှင့် ကြိုတင်ပြောင်းရွှေ့ဘုန်းတော်ကြီးကျောင်းဆွမ်းစားဆောင်(၁)ဆောင်အတွက် အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁)အိမ်ထောင်စာအား (၁၆-၈-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more









