လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လီဆူ IDPs စခန်းမှ အိမ်ထောင်စု(၁၁၃)စု လူဦးရေ(၆၄၅)ဦးအတွက် paris ဆပ်ပြာ (၆၄၅)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်အားလည်းကောင်း၊ AD2000 IDPs စခန်းမှ အိမ်ထောင်စု(၁၆၆)စု လူဦးရေ(၇၈၇)ဦးအတွက် paris ဆပ်ပြာ (၇၈၇)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်အားလည်းကောင်း၊ ရောဘက် စခန်းမှ အိမ်ထောင်စု (၆၂၈)စု၊ လူဦးရေ (၃၉၅၅)ဦးအတွက် ဆပ်ပြာ(၃၉၅၅)နှင့်ထုံး(၁၀)အိတ်အားလည်းကောင်း၊ ထွယ်ဆန်စခန်းမှ အိမ်ထောင်စု(၃၇)စု လူဦးရေ(၂၁၆)ဦးအတွက် paris ဆပ်ပြာ (၂၁၆)ခဲနှင့် ထုံးအိတ်(၁၀)အိတ်အား လည်းကောင်း၊ နှစ်ခြင်းမူရင်း စခန်းမှ အိမ်ထောင်စု(၁၁)စု လူဦးရေ(၅၀)ဦးအတွက် paris ဆပ်ပြာ (၅၀)ခဲ နှင့် ထုံးအိတ်(၁၀)အိတ်တို့အားလည်းကောင်း၊ ဖန်းခါးကုန်းစခန်းမှ အိမ်ထောင်စု(၆၆)စု လူဦးရေ(၃၄၆)ဦးအတွက် paris ဆပ်ပြာ (၃၄၆)ခဲ နှင့် ထုံးအိတ်(၁၀)အိတ် တို့ကို (၁၆-၈-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#kcn_aug2020