Latest News
-
Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၁-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ စ၍လပွတ္တာမြို့နယ်၊ ပန်းတုံးကွင်းကျေးရွာအုပ်စု၊ အထက်ပန်းတုံးကွင်းကျေးရွာ၊ အောက်ပန်းတုံးကွင်းကျေးရွာ၊ ကန်းနီကျေးရွာနှင့် ရေတွင်းတောင်ကျေးရွာများတို့တွင် (ဒုတိယအကြိမ်)Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် First Aid Kitဝေ ငှခြင်းများကို အများပြည်သူများ သိရှိလိုက်နာ ရန်ကွင်းဆင်း၍ Loud … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာ အုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စုမှ (၁) စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀/-)ကျပ်အား (၂၀-၈-၂၀၂၀) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက်ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ မင်းဆယ်ကျေးရွာအုပ်စုရှိ မင်းဆယ်ကျေးရွာ၊ လှိုင်းတာကျေးရွာ၊ ဝက်ချောင်းကျေးရွာ၊ ဆယ်နှစ်ရွာကျေးရွာနှင့် ကလောင်ပိုင်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး သိပေးချက်များကို လှည်လည်ဟောပြောခြင်း၊ ဘေး (၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug2020
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ ပိုက်တန်း ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၈)လုံး၊ အိမ်ထောင်စု (၈)စုမှ လူဦးရေ (၄၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၈၂၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၈၈၈၂၀၀/-)ကျပ်အား (၂၁.၈.၂၀၂၀) ရက်နေ့ (၁၀:၂၀)နာရီ အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့ (၀၈း၀၀) အချိန်မှ (၀၉း၀၀) အချိန်အထိ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ဆလီယေကျေးရွာတွင်လည်းကောင်း၊ (၀၉း၃၀)အချိန်မှ(၁၀း၃၀)အချိန်အထိ တောင်ကုတ်မြို့နယ်၊ လက်ယာစတိုင်ကျေးရွာတွင်လည်းကောင်း၊ (၁၃း၁၅)အချိန် မှ (၁၄း၂၀)အချိန်အထိ တောက်ကုတ်မြို့နယ်၊ သလန်ပြင်ကျေးရွာ တွင်လည်းကောင်း၊ (၁၄း၃၀)အချိန် မှ(၁၅း၃၀)အချိန်အထိတောင်ကုတ်မြို့နယ်၊ ရန်မျိုုးကျေးရွာတို့ကို လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် မုန်တိုင်း ဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၈.၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ လှိုင်းဘွဲ့မြို့ အတွင်းရှိ ပန်းတော်မှီးကျေးရွာ၊ ကြာအင်းကျေးရွာနှင့် ကမော့လဲကျောင်း ကျေးရွာများသို့ COVID – 19 ရောဂါပျံ့နှံ့မှုမဖြစ်ပွား စေရန် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်း၊ ရေဘေး၊ မုန်တိုင်းဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_aug2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









