
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့ (၀၈း၀၀) အချိန်မှ (၀၉း၀၀) အချိန်အထိ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ဆလီယေကျေးရွာတွင်လည်းကောင်း၊ (၀၉း၃၀)အချိန်မှ(၁၀း၃၀)အချိန်အထိ တောင်ကုတ်မြို့နယ်၊ လက်ယာစတိုင်ကျေးရွာတွင်လည်းကောင်း၊ (၁၃း၁၅)အချိန် မှ (၁၄း၂၀)အချိန်အထိ တောက်ကုတ်မြို့နယ်၊ သလန်ပြင်ကျေးရွာ တွင်လည်းကောင်း၊ (၁၄း၃၀)အချိန် မှ(၁၅း၃၀)အချိန်အထိတောင်ကုတ်မြို့နယ်၊ ရန်မျိုုးကျေးရွာတို့ကို လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် မုန်တိုင်း ဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_aug2020