
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက် နေ့၊ (၁၂:၃၀) နာရီအချိန်ခန့်၌ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာ အုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပြိုကျ၍ ကြိုတင်ရွှေ့ပြောင်းခဲ့ သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၆) ဦးတို့အတွက် (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝ/-) ကျပ်၊ စုစု ပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀ဝ/-) ကျပ်အား (၂၄-၈-၂၀၂၀) ရက်နေ့ (၁၁:၁၅) နာရီအချိန် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#mon_aug2020