Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြင်းဖြူကြီးကျေးရွာ၊ ချောက်ချောင်း ကျေးရွာနှင့် ပိတိုင်ကျေးရွာတို့တွင် လော်စပီကာ၊Memory stick နှင့်Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လိုက်နာ‌ ဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့‌ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်‌/ရှောင်ရန်အချက်များ၊ ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်နှင့် ဗီနိုင်းပိုစတာများ‌ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_aug2020

Sign Up

Upcoming Events