လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် (၂၁-၈-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက် စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်တို့အား (၂၄-၈-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#ha_rbe
#mgy_aug2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)