ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်ဒေသများသို့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နေမှုသတင်း


ဩဂုတ် ၂၄၊ နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂၂)ရက်နေ့တွင် သံလွင်မြစ်ရေမြင့်တက်၍ မြစ်ရေဝင်ရောက်မှု ကြောင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ(၄)ခုတို့မှ အိမ်ထောင်စု (၁၆၄)စု၊ လူဦးရေ(၆၆၃)ဦးတို့သည် (၂၃-၈-၂၀၂၀)ရက်နေ့နှင့် (၂၄-၈-၂၀၂၀)ရက်နေ့တို့တွင် ရေဘေးရှောင်နေရာ (၈)ခုနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်ရေလျှံတက်ပြီး မြစ်ရေများဝင်ရောက်မှု ကြောင့် မော်လိုက်၊ ဆားလင်းကြီး၊ မင်းကင်းနှင့် ကနီမြို့နယ်တို့ရှိ ရပ်ကွက်/ကျေးရွာ(၁၅)ခုတို့မှ အိမ်ထောင်စု(၁၀၆)စု၊ လူဦးရေ(၅၃၂)ဦးတို့သည် (၂၃-၈-၂၀၂၀)ရက်နေ့နှင့် (၂၄-၈-၂၀၂၀)ရက်နေ့ တို့တွင် ရေဘေးရှောင်နေရာ(၃)ခုနှင့် ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးနှင့် ကနီမြို့နယ် ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ဘေးသင့်နေရာများသို့သွားရောက်၍ ဆန်ရိက္ခာဖိုးစုစုပေါင်း (၁,၈၁၆,၅၀ဝိ/-)နှင့် Mask ၊ ဆပ်ပြာများအား ယနေ့တွင် ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#ha_fld
#npw_aug2020

Sign Up

Upcoming Events